Wednesday, January 11, 2012

မေးခါ့(မေခ)နှင့်မလီးခါ့(မလိခ)

ကချင်ပြည်နယ်၏ဒေသအတော်များများသည်ရှေးယခင်ခေတ်အဆက်ဆက်ကရှမ်းလူမျိုးများနေ
ထိုင်ခဲ့ပြီးရှမ်းစော်ဘွားများ၏အုပ်ချုပ်မူအောက်တွင်ရှိနေခဲ့သည်။ထို့ကြောင့်၎င်း ဒေသအသီးသီးရှိတောတော
င်၊အင်းအိုင်၊မြစ်ချောင်းအများစုသည်ယနေ့အထိရှမ်းအမည်များဖြင့်ရှိနေကြပြီး ရာဇ၀င်ဇာတ်လမ်းများမှာ
လည်းရှးဟောင်းရှမ်းစာပေမူများဒေသနေပြည်သူများကြားတွင်ဒဏ္ဍာရီအလားယနေ့တိုင်ထင်ကျန်နေဆဲဖြစ်ပါသည်။
ထိုအထဲတွင်မြန်မာနိုင်ငံသားများအားထားမှီခိုရာနန်ဖြို=နမ်ကျိုခေါ်(ဧရာဝတီ)မြစ်ကြီးဖြစ်တည်ရာနာမည်ကျော်ြ
မစ်ဆုံတည်ရှိရာမေခနှင့်မလိခမြစ်နှစ်စင်း၏ရာဇ၀င်သည်လည်းရှေးဟောင်းရှမ်းပေမူနှင့်တကွဒေသခံရှမ်းလူ
မျိုးများကြားတွင်ထင်ကျန်ရစ်ဆဲဖြစ်ပါသည်။ဤနေရာတွင်ဇာတ်လမ်းပုံပြင်ကိုသာဖော်ပြလိုရင်းဖြစ်၍ကျမ်းရေးသားလိုခြင်းမဟုတ်သဖြင့်
ကျမ်းစာပါအချို့က္ကရာဇ်များနဲ့နာမည်များကိုချန်ထားခဲ့မည်ဖြစ်ကြောင်းဦးစွာအသိပေးအပ်ပါသည်။


××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ရှေးအခါကတတိယမိုးကောင်းစောဘွားသိုကြည်ဘွားလက်ထက်ယခုပူတာအိုရှမ်းအခေါ်(ပူတောင်=အဖိုးအိုမျှော်)
သောမြို့တည်ရာဒေသတွင်ရွှေပဒေသာပင်ကြီးတစ်ခုပေါက်ရောက်နေသည်။၎င်းရွှေပဒေသာပင်အားအနီးဝန်းကျင်မှ
လူရိုင်းများကလာရောက်လုယက်ယူငင်ကြသည်။ထို့ကြောင့်မိုးကောင်းစောဘွားကြီးသည်ထိုသူများအားနှိမ်နှင်းရန်
စစ်သည်တော်များအားမကြာခဏစေလွှတ်တော်မူသည်။နိုင်သူကရွှေရ၍ရူံးသူများမှာသေကျေထွက်ပြေးကြရပါသည်။ရွှေပဒေသာပင်ကြီးပေါက်ရောက်ရာဒေသ၏နယ်စပ်တွင်လည်း
အသားစားသောဧရာမငှက်ဆိုးကြီးတစ်ကောင်ကသောင်းကျန်းနေသည်။ထိုဒေသရှိပြည်သူများမှာငှက်ကြီး၏အန္တရာယ်
ကိုလည်းစိုးရိမ်နေရပါသည်။ ထိုအချိန်ကပူတာအိုနယ်သည်မိုးကောင်းစော်ဘွား၏အုပ်ချုပ်မူအောက်တွင်သာရှိနေပြီးရန်သူများရောက်လာပါကမိုးကောင်းစော်
ဘွားထံအကူအညီတောင်းရပါသည်။

မိုးကောင်းနဲ့ပူတာအိုသည်ခရီးတာကွာဝေးခြင်း၊ရာသီဥတုနဲ့လမ်းခရီးခက်ခဲကြမ်းတမ်းခြင်းတို့ကြောင့်မိုးကောင်းစောဘွားကြီး
တို့၏တပ်များသည်ရန်သူများအားတိုက်ခိုက်၍အောင်မြင်ပြီးတိုင်းပြန်လာကြမြဲဖြစ်သည်။ထိုသို့ပြန်လာကြသောကြောင့်
ရန်သူလူရိုင်းများမှာလည်းပြန်လာ၍လုယက်မြဲလုယက်ကြပါသည်။
ထို့ကြောင့်တစ်ခါသော်ရွှေပင်ကြီးအားရန်သူများလာရောက်လုယက်နေကြသဖြင့်ကူညီပေးပါရန်တောင်းခံလာပြန်သည်။ထို
အခါမိုးကောင်းစော်ဘွားကြီးသည်သူ၏အားထားရသောစစ်သူကြီးအားသွားရောက်နှိမ်နှင်းရန်စေလွှတ်ပြန်သည်။
သို့ရာတွင်ယခုအကြိမ်ဍ်ယခင်အကြီမ်များကဲ့သို့မဟုတ်ဘဲမိသားစုများကိုပါခေါ်ဆောင်၍စစ်သည်ငါးရာ၊မျိုးရိက္ခာများပါပေးလိုက်သည်။
ထိုအရပ်တွင်မြို့ရွာတည်ပြီးရွှေပင်ကြီးအားစောင့်ရှောက်နိုင်စေရန်ဖြစ်သည်။

ထို့ပြင်စောဘွားကြီးသည်အခြေအနေကိုသိနိုင်ရန်အမှာတော်တစ်ခုလည်းပါးလိုက်သည်။၎င်းမှာ၎င်းစစ်ပွဲတွင်အောင်နိုင်၍
ယင်းဒေသတွင်စိုက်ပျိုးစားသောက်၍အခြေအနေကောင်းမကောင်းကိုအကြောင်းပြန်ရန်ဖြစ်သည်။ထိုသို့အကြောင်းပြန်ရန်အတွက်လည်း
အမှတ်အသားတစ်ခုဖြင့်ပြုလုပ်ရန်ညွှန်ကြားလိုက်သည်။၎င်းမှာယင်းဒေသတွင်နေထိုင်၍အဆင်ပြေပါကစိုက်ပျိုး
ပြီးသောကောက်ရိုးများကိုပူတာအိုဒေသအနီးရှိမြစ်ထဲသို့မျောလိုက်ရန်နှင့်အခြေအနေမကောင်းပါက၀ါးခြမ်းစိတ်များ
ကိုသာမျောလိုက်ရန်ဖြစ်သည်။

စစ်သူကြီးကလည်းကတိအတိုင်းပြုပါမည့်အကြောင်းလျှောက်တင်၍ထိုဒေသသို့စစ်သည်
များနှင့်အတူရန်သူကိုနှိမ်နှင်းရန်ထွက်ခွာသွားသည်။

စော်ဘွားကြီးလည်းစစ်သူကြီးတို့ထွက်သွားချိန်မှစ၍အခြေအနေသိရှိရန်ဧရာဝတီမြစ်ကြီးဘေးတွင်အထောက်တော်
များထား၍စုံစမ်းစေသည်။စစ်သူကြီးသည်ရွှေပင်ကြီးရှိရာသို့ရောက်သောအခါရန်သူများကိုနှိမ်နှင်းအောင်မြင်သဖြင့်လယ်ယာများလည်းစိုက်ပျိုးကြသည်။
၎င်းဒေသသည်လယ်ယာစိုက်ပျိုး၍အောင်မြင်ရုံသာမကနေထိုင်၍သာယာမူရှိသဖြင့်ထိုဒေသတွင်သာမြိုရွာတည်
ထောင်၍နေထိုင်ကြရန်ဆုံးဖြတ်ကြသည်။

ထိုသို့နေထိုင်ရန်ဆုံးဖြတ်ရာတွင်စော်ဘွားကြီးအားပေးထားသောကတိလည်းရှိနေသဖြင့်အကြောင်းပြန်ရန်စီစဉ်ရာတွင်
အဆင်ပြေသည်ဟုအကြောင်းပြန်ပါကစောဘွားကြီးကပြန်ခေါ်မည်ကိုစိုးရိမ်သဖြင့်လိမ်ညာရန်ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့်အဆင်ပြေသည်ဟုကောက်ရိုးများမျောရမည့်အစားဝါးခြမ်းများသာမျောလိုက်သည်။အခြေအနေကိုစောင့်ကြည့်
နေသောအထောက်တော်များလည်းဝါးခြမ်းများကိုမြင်၍အဆင်မပြေကြောင်းလျှောက်တင်ကြသည်။

ထိုအချိန်မှစ၍အဆင်မပြေဘူး(ရှမ်းလို=မလီးခါ့)၊ မိန်းမများပါ ပါသွားကြသဖြင့်မေး=မိန်းမ(မေးခါ့)(မိန်းမတွေလည်းပါသွားကြပြီ)ဟုဆိုရာမှမေခနှင့်မလိခဖြစ်ပေါ်လာသည်ဟုဆိုပါသည်။

မေခနှင့်မလိခရာဇ၀င်သည်
ခန္တီးရှမ်းနှင့်တိုင်းလျန်(ရှမ်းနီ)များ၏ဆွေမျိုးတော်စပ်ပုံကိုလည်းအထင်းအရှားဖော်ပြနေပေသည်။ခန္တီးဆိုသောစကားမှာ
ရှမ်းဘာသာဖြင့်ရွှေမြေဟုအဓိပ္ပာယ်ရသည်။ပူတာအိုခန္တီးဒေသတွင်မိုးကောင်းမှလာရောက်အုပ်ချုပ်သောရှမ်းများ
ျနှင့်မူရင်းရှမ်းများဟူ၍ခွဲခြားလက်ထပ်သောအလေ့များယနေ့အထိရှိနေပါသည်။


××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


မှတ်ချက်-၏ပုံပြင်အားမိုးကောင်းမြို့ရှိပုဂ္ဂိုလ်တစ်ဦးထံမှရှေးဟောင်းရှမ်းနီစာပေမူရင်းမှမနန်းခေးခမ်းဘာသာပြန်ဆိုသည်ကို
မူရင်းအနှစ်မပျောက်စေဘဲအကျဉ်းချုပ်ရေးသားခြင်းဖြစ်ပါသည်။



မိုင်အာကာဆောင်းဦး(မိန်းကောင်းမြေ)
(၁၀.၁.၂၀၁၂)

No comments:

Post a Comment