Wednesday, January 4, 2012

ဝမ်းနည်းမှတ်တမ်း

ဝမ်းနည်းလည်းခဏပေါ့
ချစ်ခဲ့တာတော့အမှန်ပါ...။
ဘ၀ဆိုတာကလည်းအချစ်တစ်ခုတည်းနဲ့တည်ဆောက်လို့မရဘူးလေ...။
ဝမ်းသာပါတယ်လေ
သူအဆင်ပြေတယ်မလား...။
ဝမ်းနည်းသင့်ပါ့မလား...။
မငိုပါဘူး...
ကြိုသိနေပြီးသားဘဲလေ...
ဒီလိုဖြစ်လာမယ်လို့....။
မျက်ရည်မကျပါဘူး...
မြိုသိပ်ရမယ်လေ...။
စိတ်ဓာတ်မကျပါဘူး...
ခံနိုင်ရည်မွေးရမယ်လေ....။
အပြစ်မမြင်ပါဘူး....
ကျေနပ်ရမယ်လေ...။
တစ်နေ့တော့ဒါတွေအားလုံမေ့သွားလိမ့်မယ်လို့မျှော်လင့်မိပါတယ်...။    ။


သတိရခြင်းများစွာဖြင့်
(လွတ်လပ်ရေးနေ့တွင်ကြားသိ၍လာမည့်စနေနေ့တွင်)
လက်ထပ်တော့မည်ဟုကြားသိရသောချစ်ဦးသူကိုရည်ရွယ်လျှက်
သူကတော့သိနိုင်မည်မဟုတ်ပါ

No comments:

Post a Comment